ကြားဖူးပါတယ် ချစ်သူ
*******************
*ကဗျာဆရာ
တစ်ယောက်ဟာ
"အချစ်စစ်"ကိုစတင်
တွေ့လိုက်ချိန်မှာ
အဲ့ကဗျာတွေက
သူချစ်သူကိုပြောမဲ့
စကားလုံးတွေ
ဖြစ်သွားတယ်တဲ့
ကြားဖူးပါတယ် ချစ်သူ။
°•°•°•°•°•°•°•°•°•°•°•°
*သီချင်းရေးတဲ့
တေးဆရာဟာလည်း
"အချစ်စစ်"ကိုစတင်
တွေ့လိုက်ချိန်မှာ
သီချင်းသံဇဉ်မဲ့ပြီး
ကဗျာ တစ်ပုဒ်
ဖြစ်သွားတယ်တဲ့
ကြားဖူးပါတယ် ချစ်သူ။
°•°•°•°•°•°•°•°•°•°•°•°•
*ဝထ္ထုရေးတဲ့
စာရေးဆရာဟာလည်း
"အချစ်စစ်"ကို စတင်
တွေ့လိုက်ချိန်မှာ
ဝထ္ထုစာသားတွေက
ဒိုင်ယာမှတ်တမ်း
အဖြစ်ပြောင်းလည်း
သွားတယ်တဲ့ ချစ်သူ။
•°•°•°•°•°•°•°•°•°•°•
*အဲ့တော့သာမာန်သူ
တစ်ယောက်ဖို့
"အချစ်စစ်"ကို စတင်
တွေ့လိုက်ချိန်မှာ
ဆွံ့အနုတ်ဆိတ်
သွားတာမဆန်း
ပါဘူး ချစ်သူ။
°•°•°•°•°•°•°•°•°•°
ကဗျာ ပန်းခင်း (စနေနေ့)
Geen opmerkings nie:
Plaas 'n opmerking